ခရမ်းမြို့ကို NUG က ကြားကာလအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

ခရမ်းမြို့ကို ယာယီကြားကာလ ပြည်သူ့အုပ်ချုပ်ရေး
အဖွဲ့ ဖွဲ့စည်းလိုက်ပြီလို့  NUG ကြေညာ

စစ်ကောင်စီအုပ်ချုပ်ရေးမလည်ပတ်တော့တဲ့ ရန်ကုန်တိုင်း ခရမ်းမြို့နယ်ကို ယာယီကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

ခရမ်းမြို့နယ်မှာ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က အောက်တိုဘာလ ၃  ရက်နေ့စွဲနဲ့ အုပ်ချုပ်ရေးမှူးတွေအားလုံးနုတ်ထွက်ကြဖို့သတိပေးပြီးနောက်ပိုင်းမှာ ခရမ်းမြို့ပေါ် ၁၃ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၅၆ ရွာက အုပ်ချုပ်ရေးမှူး ၆၅ ယောက်လုံးနုတ်ထွက်သွားခဲ့ကြတဲ့အတွက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားဟာ ရပ်ဆိုင်းသွားခဲ့တာပါ။

လက်ရှိမှာ တော့ အမျိုးသားညီညွတ်ရေးအစိုးရက အောက်တိုဘာလ ၁၂ ရက်နေ့ ရက်စွဲနဲ့  မြို့မိမြို့ဖ အစုအဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးအစုအဖွဲ့ ၊ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ၊ ဌာနဆိုင်ရာ CDM ဝန်ထမ်းများအစုအဖွဲ့ ၊  တက်ကြွလှုပ်ရှားသူများအစုအဖွဲ့၊ တရားရေးနဲ့ကျန်းမာရေအစုအဖွဲ့ ၆ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့အချိုးကျ ယာယီ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကို ဖွဲ့စည်းထားပါတယ်။ 


 

Comments