စစ်ကောင်စီနဲ့ ရုရှားရေတပ်ဒုဦးစီးချုပ်တို့ ရေငုပ်သင်္ဘောလွှဲပြောင်းရေးဆွေးနွေး

 

အာဏာသိမ်းစစ်ကောင်စီနဲ့ရုရှားရေတပ်ဒုဦးစီးချုပ်တို့ရေငုပ်သင်္ဘာအသစ်လွှဲပြောင်းရေးအတွက်ဆွေးနွေး

ရုရှားရေတပ်ရဲ့ ဒုဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဗလာဒီမီယာ ကဆာတိုနော့ဗ်ဟာ အောက်တိုဘာလ ၂၄ ရက်နေ့မှာမြန်မာနိုင်ငံကိုအာဏာသိမ်းပြီး၄လအတွင်းဒုတိယအကြိမ်ရောက်ရှိလာခဲ့ပြီးဒီတစ်ကြိမ်လာရောက်လာတာဟာ မြန်မာနိုင်ငံက ရုရှားနိုင်ငံဆီကနေဝယ်ယူထားတဲ့ ရေငုတ်သင်္ဘော လွှဲပြောင်း ရေးကိစ္စနဲ့ ရေငုတ်သင်္ဘောထားရှိမယ့်အခြေစိုက်စခန်းတည်ဆောက်ရေးကိစ္စတွေ ဆွေးနွေးဖို့ဖြစ်တယ်လို့ အဲဒီအကြောင်းကိုသိထားတဲ့ တပ်တွင်းသတင်းအရင်းမြစ်က ပြောပါတယ်။

ရေငုတ်သင်္ဘောအခြေစိုက်စခန်းကိုလဲ ရခိုင်ပြည်နယ် ကျောက်ဖြူမှာရှိတဲ့ ကျွန်တစ်ခုမှာ ရုရှားနိုင်ငံရဲ့ နည်းပညာအကူ အညီနဲ့ တည်ဆောက်နေတာဖြစ်ပြီး အဲဒီနေရာကို ကာကွယ်ရေးဦးစီးချုပ်နဲ့ ရုရှား ရေတပ်ရဲ့ ဒုဦးစီးချုပ်သွားဖို့ရှိ တယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။


နိုင်ငံတော်အဆင့်အကြီးအကဲတွေလာရင်တည်းနေကြဖြစ်တဲ့ ငပလီက အဏ္ဏဝါရိပ်သာရဲ့ ၂ မိုင် ဝန်းကျင်အထိ လုံခြုံရေးယူထားတာတွေရပြီး နိုင်ငံခြားသားတွေကိုလည်းတွေ့ရတယ်လို့ ငပလီဒေသခံ တစ်ချို့ကပြောဆိုပါတယ်။ဘယ်သူတွေရောက်ပြီးဘယ်သူတွေလာဖို့ရှိလည်းဆိုတာကိုတော့   တိကျအောင်မစုံစမ်းနိုင်သေးပါဘူး။

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ထားတဲ့ ရေတပ် CDM အရာရှိက အာဏာမသိမ်းခင်ကတည်းက   ရုရှားကနေရေငုပ်သင်္ဘောအသစ်ကိုဝယ်ထားတာဖြစ်ပြီး အာဏာမသိမ်းခင်က ရေငုပင်သင်္ဘောထား မယ့်ကျွန်းကို အခုမြန်မာနိုင်ငံကို ရောက်နေတဲ့ ရုရှားရေတပ် ဒုဦးစီးချုပ်ကို ငပလီကနေတစ်ဆင့် ကြိုပြီး ကျွန်းတစ် ကျွန်းကို ပို့ဖို့ တာဝန်ပေးခံခဲ့ရဖူးတယ်လို့ ပြောပါတယ်။

ဒါပေမယ့် အဲဒီခရီစဉ်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားခဲ့တယ်လို့အဲဒီအရာရှိကဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ရုရှားအသစ်ဝယ်ယူထားတဲ့ ရေငုပ်သင်္ဘောကို ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ ဓညဝတီရေတပ်ဌာနချုပ်ရဲ့ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာမှာရှိတဲ့အုန်းကျွိ့ကျွန်းမှာ  ရေငုပ်သ င်္ဘောထားရှိဖို့ အခြေစိုက်စခန်းတစ်ခုတည်ဆောက်နေတဲ့ သတင်းတွေထွက်နေတာရှိတယ်လို့ ကျောက်ဖြူဒေသခံတစ်ချို့ကပြောပါတယ်။  


အဲဒီကျွန်းမှာ အာဏာမသိမ်းခင်အချိန်ကစပြီး ရုရှားနိုင်ငံသားတစ်ချို့ လာရောက် လုပ်ကိုင်နေတာ တွေ့တယ်လို့လည်း
ဆိုပါတယ်။ အဲဒီသတင်းနဲ့ပတ်သတ်ပြီး အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးတာ ဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

 

 

 (ရေငုပ်သင်္ဘောထားရှိမယ့်အခြေစိုက်စခန်း)

အာဏာသိမ်းစစ်ကောင်စီက မြန်မာနိုင်ငံကို အောက်တိုဘာလ ၂၄ ရက်နေ့က ဒုတိယအကြိမ်ထပ် မံရောက်ရှိလာတဲ့ ရုရှားရေတပ်ရဲ့ ဒုဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဗလာဒီမီယာ ကဆာတိုနော့ဗ်နဲ့ပတ်သတ်တဲ့ သတင်းကို ထုတ်ပြန်ပြော ဆိုတာမရှိဘဲ အောက်တိုဘာလ ၂၈ ရက်နေ့က မြန်မာနိုင်ငံကို ၃ ရက်ကြာ ချစ်ကြည်ရေးရောက်ရှိလာတဲ့ ရုရှားစစ်ရေယာဉ် Gremyashiy နဲ့ပတ်သတ်ပြီး သတင်းထုတ်ပြန် ခဲ့ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ အဲဒီစစ်ရေယာဉ်ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က အောက်တိုဘာလ ၂၉ ရက်နေ့မှာ သွားရောက်ခဲ့ပြီး ရုရှားရေတပ်ရဲ့ ဒုဦးစီးချုပ် နဲ့  Gremyashiy ပေါ်မှာ နာရီပေါင်းအတော်ကြာကြာ သီးသန့်တွေ့ဆုံဆွေးနွေးမှုတစ်ခုလုပ်ခဲ့တယ်လို့လဲ တပ်တွင်းသတင်းအရင်းမြစ်ကပြောပါတယ်။

၁၉၈၀ ခုနှစ်ပတ်ဝန်းကျင်က ရုရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ ရေငုတ်သင်္ဘောကို မြန်မာစစ်တပ်က ပထမဆုံးအကြိမ်ရေငုတ်သင်္ဘောအဖြစ် အိန္ဒိယနိုင်ငံကနေဝယ်ယူခဲ့တာဖြစ်ပြီး အဲဒါက လေ့ကျင့်ရေးပြု လုပ်ဖို့အတွက်သာဖြစ်တယ်လို့ ဆိုပါတယ်။ ရှိပြီးသားရေငုတ်သင်္ဘောကလည်း ရှရုားနိုင်ငံထုတ်ဖြစ်တာ ကြောင့် ရေတပ်သားတွေအနေနဲ့အခက်ခဲမရှိအောင် ရုရှားနိုင်ငံထုတ်ကို ထပ်မံဝယ်ယူတာဖြစ်မယ်လို့ အဲဒီသတင်းအရင်းမြစ်က ပြောပါတယ်။  လက်ရှိမှာတော့ မြန်မာစစ်တပ်က ရုရှားနိုင်ငံထုတ်ရေငုပ် သင်္ဘောကို အိန္ဒိယနိုင်ငံက  ဝယ်ယူပြီးမင်းရဲသိင်္ခသူလို့အမည် ထားတာဖြစ်ပါ တယ်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရေငုတ်သင်္ဘောအတွက် လေ့ကျင့်ရေးကို အိန္ဒိယနိုင်ငံကယူထားတာဖြစ်ပေမယ့် အမျိုးအစားက ရုရှားနိုင်ငံထုတ်အမျိုးစားဖြစ်တဲ့အတွက် ရုရှားထုတ်သင်္ဘောနဲ့အဆက်စပ်ရှိနေပြီးဖြစ်လို့ဘယ်နိုင်ငံကထပ်ဝယ်မလဲဆိုတော့အခုချိန်မပြေနိုင်သေးဘူးလို့ ၂၀၁၉ ခုနှစ်  ဩဂုတ်လ ၁ ရက် BBC သတင်းဌာနကို ပြောဆိုခဲ့ဖူးပါတယ်။   

 

 

 

 

 

 

  

Comments