နိုင်ငံတော်ပုန်ကန်မှုလုပ်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့စစ်ခေါင်းဆောင်တွေကို တာဝန်ကနေရပ်စဲလိုက်ပြီ

နိုင်ငံတော်ပုန်ကန်မှုလုပ်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့စစ်ခေါင်းဆောင်တွေကို တာဝန်ကနေရပ်စဲလိုက်ပြီ

နိုင်ငံတော်သမ္မတကို ခြိမ်းခြောက်ပြီး လက်နက်အားကိုးနဲ့ နိုင်ငံတော်အာဏာကို လုယူခဲ့တဲ့  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့စစ်ခေါင်းဆောင်တွေကို ရာထူးတာဝန်ကနေရပ်စဲလိုက်ပြီလို့ မြန်မာ့တပ်မတော်အရာရှိစစ်သည်တွေ ကိုယ်စား People's Solider အဖွဲ့က အောက်တိုဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၂ (၁) အရ မင်းအောင်လှိုင်နဲ့ အပေါင်းပါတွေဟာနိုင်ငံတော်ပုန်ကန်မှုကိုလုပ်ဆောင်ခဲ့လို့ တာဝန်က ရပ်စဲလိုက်ပြီးဖြစ်တာကြောင့် သူတို့ပေးတဲ့အမိန့်တွေကိုနာခံဖို့မလိုတော့ဘူးလို့ဆိုပါတယ်။

နိုင်ငံတော်ပုန်ကုန်တဲ့သူတွေကို ဥပဒေနဲ့အညီအရေးယူနိုင်ဖို့ တပ်မတော်သားတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကနေ ပေါ်ပေါက်လာမယ့် ကာကွယ်ရေးဦးစီးချုပ်အောက်မှာဆက်လက်တာဝန်ထမ်းဆောင်ဖို့လိုပါမယ်။

https://www.facebook.com/peoplesoldiers2021/posts/192653643008738? 

Comments