နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်တဲ့ မအလ နဲ့အဖွဲ့ကို ပြည်သူ့စစ်သားတွေဘာလုပ်သင့်တယ်ထင်လဲစစ်တပ်အာဏာလုမယ့် မနက်က ဗိုလ်ချုပ်အဆင့်ရှိတဲ့ သူ ၂ ယောက် သမ္မတ အိမ် ကိုရောက်လာပြီး ကျန်းမာရေး အကြောင်းပြ နုတ်ထွက်ပေးဖို့ သမ္မတဦးဝင်းမြင့်ကို ခြိမ်းခြောက်တယ်။
အဲလိုမလုပ်ရင် ပုဂ္ဂိုလ်ရေးထိခိုက်တာတွေဖြစ်လာမယ်လို့လဲ ပြောတယ်။ အသေပဲခံလိုက်မယ် နုတ်ထွက်မပေးနိုင်ဘူးပြန်ပြောလိုက်တဲ့အကြောင်း ဒီကနေ့ သမ္မတ ထွက်ဆိုချက်တွေကို သတင်းဌာနတွေမှာ ဖော်ပြကြတယ်။
ဒီထွက်ဆိုချက်အရ စစ်တပ်ဟာ နိုင်ငံ တော်ကို ပုန်ကန်တာပါ။ အခြေခံဥပဒေနဲ့အညီလုပ်နေတာပါလို့ ပြောတာကို ယုံနေတဲ့ မအလ လက်အောက်ခံလက်နက် ကိုင် တွေ သိဖို့က မအလ နဲ့ စစ်ဗိုလ်ချုပ်တွေဟာ အာဏာကို မက်ပြီး နိုင်ငံကို ပုန်ကန်တာပါ။ ခင်ဗျားတို့တွေ ချစ်တယ်လို့ပြောတဲ့ စစ်တပ်ကို ဖျက်ဆီးတာ။
ဒီလိုလူမျိုးတွေအုပ်ချုပ်တဲ့ စစ်တပ်ကို ခင်ဗျားတို့ ဘယ်လို့ ပြန်လည်တည်ထောင်စေချင်လဲ စဉ်းစားသင့်တဲ့အချိန်ပဲ။ အာဏာမက်လို့ နိုင်ငံကို ပုန်ကန်တဲ့သူတွေ ကို တရားတဲ့ဘက်က ရပ်ပြီး ပြန်လည် တိုက်ထုတ်ဖို့အချိန်တန်ပြီ။ စစ်ရေးအခြေနေကြည့်ပြီးမှ ထွက်မယ်ဆိုတဲ့ စစ်သားတွေ ဘာလုပ်သင့်လဲ စဉ်းစားချိန်တန်ပြီ။
Comments
Post a Comment